အဲဒီလို နိုင်ငံကြီးတွေမှာ ပညာတော်သင်အဖြစ်နဲ့ လက်မှတ်ရခဲ့သူတွေဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကျွမ်းကျင်သူတွေ အဖြစ်နဲ့ ရာထူးတွေ အပ်နှင်းခြင်း ခံရလျှင် ခံရ၊ ဒါမှ မဟုတ်ရင်တော့ အနောက် နိုင်ငံသား တွေရဲ့ ဓလေ့စရိုက်တွေ ခွာမရတော့တဲ့ ပြန်တော်ပြန်ကြီးများ အဖြစ် ရောက်ရှိသွားကြပါတယ်။ အခုပြောတဲ့ ဖြစ်ရပ် နှစ်ခု အနက် ဘယ်ဖြစ်ရပ် ဖြစ်ခဲ့ ဖြစ်ခဲ့ စီးပွားရေးအရရော ၊ နိုင်ငံရေးအရပါ အမြတ်အစွန်း ထွက်သွား တာကတော့ ယဉ်ကျေးမှု ကိုလိုနီ လက်သစ် ၀ါဒီ နိုင်ငံကြီးများ ဖြစ်ပြီး လူမှု စီးပွားရေး အပိုင်းမှာ ပျက်စီးဆုံးရှုံးမှု တွေနဲ့ ရင်ဆိုင်ရတာကတော့ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်လေးများပဲ ဖြစ်ပါတယ်။
နိုင်ငံငယ်ကလေးတွေက ပုဂ္ဂိုလ်တွေအပေါ် နိုင်ငံကြီးသား ကိုလိုနီ လက်သစ်ဝါဒီတို့ရဲ့ လွှမ်းမိုး နိုင်မှု ကြောင့် နိုင်ငံငယ်ကလေးတွေရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေခဲ့ပါတယ်။ ဒီလို ထိခိုက်ကြောင်း သိရှိပေမယ့်လည်း နိုင်ငံငယ်ကလေးတွေဟာ မှီခိုမှု လျော့ချရမယ့် အစား အကြောင်းအမျိုးမျိုးကြောင့် အဆများစွာမှီခို လာနေတာကိုလည်း တွေရပါတယ်။ အဲဒီလို ဖြစ်ရတဲ့ အကြောင်းကတော့ နှောင်ကြိုးအမျိုးမျိုး၊ မက်လုံး အမျိုးမျိုး ကြောင့် ရုန်းထွက် နိုင်ခြင်း မရှိတာ တွေရပါတယ်။
နိုင်ငံကြီးတွေဟာ ဖွံ့ဖြိုးဆဲ နိုင်ငံငယ်ကလေးတွေက ပညာသင်တွေအပေါ် လေ့ကျင့်ပညာပေးမှု တွေဟာ အဲဒီ နိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှု စရိုက်နဲ့ လူမျိုးစုစရိုက် လက္ခဏာတွေ ပျောက်ပျက်သွားခြင်း၊ အနောက် နိုင်ငံတွေက ပညာသင်ကြားပေးခဲ့တဲ့ အဆင့်အတန်းဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ အဆင့်နဲ့ အံမ၀င် အောင် ပြုလုပ်ထားခြင်း၊ ပညာတော်သင်တွေထဲက အတော်ဆုံးနဲ့ အကျွမ်းကျင်ဆုံး၊ အထူးချွန်ဆုံး လူငယ်တွေကို ဥရောပနဲ့ အမေရိက နိုင်ငံများဆီ မြူဆွယ် ကျုံးသွင်း ခေါ်ယူပြီး အသုံးပြုပစ်လိုက်ခြင်း စတဲ့ အချက်တွေကို တွေ့နေရတဲ့အတွက် နိုင်ငံကြီးတွေရဲ့ ယဉ်ကျေးမှု ကိုလိုနီလက်သစ်ဝါဒကို အားလုံး တွေ့မြင် သဘောပေါက် သတိထားဖို့ လိုအပ်ကြောင်း ကို ဝေဖန်သုံးသပ်နိုင်ကြပါ။